25 C
Yangon

ညောင်ဦးမြို့နယ် လက်ပံခြေပေါ် နယ်မြေရဲစခန်းတွင် စစ်သား အချင်းချင်း ပစ်ခတ်မှု ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ၊ ပစ်ခတ်သော စစ်သားက လက်နက် ၂ လက် ယူဆောင်၍ ထွက်ပြေး လွတ်မြောက်သွားပြီး သေဆုံးသည့် စစ်သား မှာ ပြည်သူတချို့ကို ပစ်ခတ်ခဲ့သူဖြစ်နေ

Must read

ညောင်ဦးမြို့နယ် လက်ပံခြေပေါ် နယ်မြေရဲစခန်းတွင် စစ်သား အချင်းချင်း ပစ်ခတ်မှု ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ၊ ပစ်ခတ်သော စစ်သားက လက်နက် ၂ လက် ယူဆောင်၍ ထွက်ပြေး လွတ်မြောက်သွားပြီး သေဆုံးသည့် စစ်သား မှာ ပြည်သူတချို့ကို ပစ်ခတ်ခဲ့သူဖြစ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ် ရဲစခန်းတွင် စစ်တပ်က တပ်စွဲ ထားစဉ် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာ ရရှိကြောင်း၊ ပစ်ခတ်ခဲ့သော စစ်သားမှာ သေနတ် ၂ လက် ယူဆောင်၍ ထွက် ပြေး လွတ်မြောက်သွားကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ် တချို့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီကျော်အချိန် ညောင်ဦးမြို့နယ် လက်ပံ ခြေပေါ် ‌ ရဲစခန်းတွင် လုံခြုံရေးယူတပ်စွဲထားသော စစ်သား ၄ ဦး အချင်းချင်း စကား များကြပြီး သေနတ်ဖြင့် ပစ်ခတ်ကြကြောင်း ၊ ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရသူ စစ်သား ၂ ဦး အနက် ၁ ဦးမှာ လက်ပြတ်သွားကြောင်း၊ ပစ်ခတ်သော စစ်သားမှာ လက်နက် ၂ လက်ယူဆောင်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

“စစ်ခွေးအချင်းချင်း စကားများကြရင်း သေနတ်နဲ့ ပစ်ကြတာ။ တစ်ဦးကတော့ ပွဲချင်းပြီးတယ်။ ၂ ဦးဒဏ်ရာရတဲ့အထဲမှာ ၁ ဦးက လက်ပြတ်တယ်။ အခြား စစ်သား ၁ ဦးက ပခုံးထိတယ်။ ပစ်ခတ်မှုဖြစ်တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ ညက တည်းက ပစ်ပြေးတဲ့ စစ်သားကို တောနင်းပြီး လိုက်ရှာကြတယ်။ ပစ်ပြေးတဲ့ စစ်သားက လက်နက် ၂ လက်ယူသွားတယ်။ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ အဲဒီ ပစ်ပြေးတဲ့ စစ်သားကို ရှာဖို့ မြင်းခြံ-ညောင်ဦးလမ်း ၊ ငသရောက် သွားတဲ့ လမ်းတွေကို တောနင်းပြိး ရှာတယ်။ ဆိုင်ကယ်တွေလည်း စစ်နေနေတယ်။ ပစ်ခတ်မှုမှာ သေသွားတဲ့ စစ်သားက ကျောင်းဆရာတစ်ဦးကို စခန်းထဲကနေ ပစ်ခတ်ခဲ့တဲ့စစ်သားလို့ သိရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ညောင်ဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပြောက်ကျားစနစ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုများ မကြာခဏ ဆိုသလို လုပ်ဆောင်နေသဖြင့် စစ်တပ်က လုံခြုံရေးများ ဖြန့်ကျက်ချထားရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article