33 C
Yangon

ပုလောရှိ လက္ကူးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ပုလောရှိ လက္ကူးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ စက်တင်ဘာ ၁၆

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်၊ လက္ကူးရွာကို အကြမ်းဖက်စစ်တပ် စက်တင်ဘာ ၁၅ ရက်နေ့ နှင့် ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၂ လုံးမီးရှို့ခံထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ရပ်ငယ်ဘုန်းကြီးကျောင်းအနီးတဝိုက်ရှိ နေအိမ်များကို စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ ၆ နာရီခွဲအချိန်တွင်လည်း အဆိုပါ ဘုန်းကြီးကျောင်း အနီးတဝိုက်က‌နေအိမ်များကိုပဲ မီးထပ်မံရှို့ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အဆိုပါ အိမ်အနီးတစ်ဝိုက်ရှိ နေအိမ်များမှာ အိမ်ကြီး အိမ်ကောင်းများဖြစ်ပြီး နှစ်ထပ်အိပ်များ များကြောင်း ၊ ထို့ပြင် အကြမ်းဖက်စစ်တပ်သည် လက္ကူးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူ ၁၀၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက္ကူးရွာနှင့် ကပ်လျက် မှောင်ကြောင်းရွာတွင်လည်း အရပ်သားအချို့ကို ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်အတွင်း အကြမ်းဖက်စစ်တပ်သည် ပင်လယ်ဆိပ်ကမ်းရွာများဖြစ်သည့် လက္ကူးကျေးရွာအုပ်စုရှိ လက္ကူးရွာ၊ မှော်ကြောင်းရွာ၊ တိုကျေးရွာအုပ်စုရှိ ပိတပ်ရွာ၊ မြဒေါင်ရွာ၊ ကျောက္ကာကျေးရွာအုပ်စုရှိ ကျောက္ကာရွာများကို ကုန်းလမ်းရော ရေလမ်းကပါ တောက်လျှောက်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထို့ပြင် အဆိုပါ နီးတစ်ဝိုက်တွင် လှုပ်ရှားနေသည့် ပြည်သူကာကွယ်ရေးတပ်များနှင့် နှစ်ဖက်ပစ်ခတ်မှုများ နေ့စဥ်ရှိနေပြီး စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။

လက္ကူးကျေးရွာအုပ်စုရှိ ဒေသပြည်သူအချို့သည် နီးစပ်ရာခြံများ၊ ရွာများ၊ မြို့များဆီထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲတွင် ပိတ်မိနေသည့် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရကြောင်း ၊ အကြမ်းဖက်စစ်တပ်သည် လက်ရှိအချိန်တွင် ရေကြောင်းကို အဓိက အသုံးပြုတိုက်ခိုက်လာပြီး ပြည်သူများကို ပင်လယ်မထွက်ရ အမိန့်များ ကန့်သတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article