25 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ရဲစခန်းမှာ အကြမ်းဖက် စစ်တပ်က တပ်စွဲ ထားတဲ့ အချိန် စစ်ကောင်စီတပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေပွဲချင်းပြီး သေသွားည တဲ့အပြင် ၊ ၂ ဦးဒဏ်ရာ ရသွားပြီး ၊ ပစ်ခတ်ခဲ့တဲ့ တပ်သားဟာ သေနတ် ၂ လက်နဲ့အတူ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ဒေသပြည်သူတွေ နဲ့ ရဲသတင်းရင်းမြစ် တချို့ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ၊ ခရမ်းစပ်ကုန်း- ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် နဲ့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျောင်းထိုင် ဆရာတော် တစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယ ၁ ဦး သေဆုံးသွားတယ်လို့ Indaw Revolution -IR က ပြောထားပါတယ်။

– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က GTC ကျောင်းအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကား ၁ စီး နဲ့ ကင်းပုန်းတွေကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ စနိုက်ပါတွေ ၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး ဝန်းကျင် သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article