33 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ခုဖြင့် ကျေးရွာများကို ဖျက်ဆီး နေပြီး ပြည်သူ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ထားခဲ့

Must read

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ခုဖြင့် ကျေးရွာများကို ဖျက်ဆီး နေပြီး ပြည်သူ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ထားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ခုဖြင့် ကျေးရွာ များကို ဖျက်ဆီးနေပြီး ပြည်သူ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်၍ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစခန်း ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ညောင်ပင်၀န်းစခန်းဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ငါန်းဇွန်မြို့နယ်ဘက်မှ စစ်တပ် တစ်ကြောင်း စုစုပေါင်း စစ် ကြောင်း ၃ ကြောင်းဖြင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်း ထိုးလာကြောင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“မြင်းဆည်ကျေးရွာမှ ပြည်သူတွေဖြစ်တဲ့ ကိုသိန်းဇော်၊ ကိုဇော်မင်း၊ ကိုတေဇော ဦး၊ ကိုကျော်ထွန်းနိုင်တို့ကို စစ်တပ်က သတ်ဖြတ်သွားပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် စစ်ကိုင်းမြို့နယ်၊ သုံးလင့်၊ ကင်း တော် ၊ကိုင်းပြင်၊လယ်ပါယ်တော၊ မြင်းဆည်၊ဥယျာဉ်၊မြစ်သာကျေ ကျေးရွာမှ ပြည်သူများ က စက်တင်ဘာလ ၁၄ရက်နေ့မှ ယနေ့အထိ ထွက်ပြေးတိမ်း ရှောင် နေရပြီး ရွာမပြန်နိုင်သေးကြောင်း၊ စစ်တပ်စစ်ကြောင်း က ၇ရွာတန်းမှ ဆိုင်ကယ်၊အဖိုးတန်ပစွည်းမှန်သမျှကို ခိုးယူကာ စက်လှေ များဖြင့် ငါန်းဇွန် မြို့ဘက်သို့ သယ်ဆောင်နေကြောင်း၊ မြင်းမူမြို့နယ်သို့ သွား ရောက် စစ်ရှောင် သည့်ပြည်သူများကို စစ်တပ်က လိုက်လံဖမ်းဆီးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article