22.9 C
Yangon

မန္တလေးမြို့ပေါ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ကို ဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ မန္တလေးတက္ကသိုလ်ထဲတွင် ဗုံးတွေ့ရှိသဖြင့် စစ်တပ်က သိမ်းဆည်း

Must read

မန္တလေးမြို့ပေါ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ကို ဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ မန္တလေးတက္ကသိုလ်ထဲတွင် ဗုံးတွေ့ရှိသဖြင့် စစ်တပ်က သိမ်းဆည်း

ရန်ကုန်၊ စက်တင်ဘာ ၁၇

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ စစ်တပ် ပိုင် မြဝတီဘဏ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း No More Dictatorship People Defense Force – NMD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်အချိန် ချမ်း အေး သာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇လမ်းကြားရှိ စစ်တပ်ပိုင် မြဝတီဘဏ်ရှိ အစောင့်တပ်သားများကို ဗုံးခွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်ခံရ ပြီးနောက် ရပ် ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲ ၁၀ ဦးခန့်က လာရောက် စစ်ဆေးကာ သေဆုံးဒဏ်ရာရ စစ်သားများ ကို လူနာတင်ယာဉ်ဖြင့် သယ် ဆောင်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို No More Dictatorship People Defense Force _ NMD အဖွဲ့ မှ မြို့ပြ ပြောက် ကျား ရဲဘော်များက ငွေကျပ် နှစ်သောင်းတန် ထုတ် ဝေမှုကို ကန့်ကွက်သည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း၊ ပြည် သူများ အထိခိုက်မရှိစေရန် ရုံးပိတ်ရက်တွင်သာ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် တရားမဝင် ၂၀,၀၀၀ (နှစ်သောင်း) ကျပ်တန် ငွေစက္ကူ များကို အသုံးမ ပြု ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနိုးဆော် No More Dictatorship People Defense Force အဖွဲ့သားများက တိုက်တွန်း နှိုးဆော် ထားသည်။

ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် မန္တလေး တက္ကသိုလ်ထဲတွင် ဗုံးတွေ့ရှိခဲ့သဖြင့် စစ်တပ်က ပိတ်ဆို့ စစ်ဆေးပြီး ဗုံးကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။

“မနေ့ည ၁၀ နာရီလောက်မှာ မန္တလေးတက္ကသိုလ်ထဲမှာ ဗုံးတွေ့တယ်။ ဗုံးတွေ့ တော့ တက္ကသိုလ်ထဲက လူတွေအပြင်မထွက်ရ၊ အပြင်ကလူတွေလည်း အထဲ မဝင်ရနဲ့ ပိတ်ထားတာ။ မနေ့ညက အပြင်ကနေ တက္ကသိုလ်ဝင်းထဲ ပြန်ဝင်ချင် တဲ့သူတွေကို တက္ကသိုလ်အပေါက်မှာ ထိုင်ခိုင်းပြီးစစ်တာ။ Non-CDM ပါမောက္ခ တွေ ၊ ဆရာဆရာမတွေကိုပါ ထိုင်ခိုင်းပြီး အကုန်စစ်တာ။ စစ်သား တွေရဲ့ ပါးစပ်ကလည်း ဆရာ၊ ဆရာမတွေကို ဆဲဆိုရေရွတ်နေကြတာ စစ်ခွေး တွေက။ မနေ့ညကဗုံးကပေါက်ကွဲမှုတော့မဖြစ်ခဲ့ဘူး သူတို့အချိန်မီတွေ့သွားလို့။ မနေ့ညကဗုံးတွေ့တဲ့သတင်းက သူတို့အနေနဲ့လျှို့ဝှက်ထားပြီး သတင်း ဖုံးထားတယ်” ဟု မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမအသိုင်းအ၀ိုင်းနှင့် နီးစပ်သော သတင်းရင်း မြစ်က ပြောဆိုသည်။

ဓာတ်ပုံ- မန္တလေးရှိ မြ၀တီဘဏ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်ဖွဲ့များ။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှ ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article