28 C
Yangon

ပုလောမြို့နယ်၊ လက္ကူးကျေးရွာအနီး ၂ ရက်ကြာတိုက်ပွဲတွင် စစ်သား ၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ပုလောမြို့နယ်၊ လက္ကူးကျေးရွာအနီး ၂ ရက်ကြာတိုက်ပွဲတွင် စစ်သား ၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအနီး ၂ ရက်ကြာ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Palaw People’s Defense Force ထံမှ သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၄၇ မိနစ်ခန့်က ပုလောမြို့နယ်၊ လက္ကူးကျေးရွာသို့ ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ် ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်သားများမှ အင်အား ၁၀၀ ကျော်ထပ်မံဖြည့်တင်းကာ နေအိမ် များကို မီးရှို့ခြင်း၊ တိုက်ပွဲ အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများကို ဖမ်းဆီးခြင်းတို့ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တပ်က လက္ကူးကျေးရွာကို မီးတင်ရှို့ခဲ့ပြီး နေအိမ် ၁၂ လုံး မီးလောင်ပြာ ကျခဲ့ကြောင်း၊ ဖမ်းဆီးထားသော ပြည် သူ ၁၀၀ ကျော်ကို လူသားဒိုင်းကာပြုလု ပ်၍ လက္ကူးကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားခဲ့ကြောင်း၊ ထို့ကြောင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆက်လက်တိုက်ခိုက်ရန် အခက်ကြုံခဲ့ရ ကြောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၇ မိနစ်ဝန်းကျင် ထပ်မံ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၈၅ တပ်နှင့် လက္ကူးကျေး ရွာ အနီး ပင်လယ် ပြင်အတွင်းရောက်ရှိနေသော ရေတပ်စစ်သင်္ဘောများက လက်နက်ကြီးများ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီး အလွန်အကျွံပစ်ခတ်မှု ကြောင့် လက္ကူးကျေးရွာရှိ နေအိမ်များပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကာ အသက် ၄၈ နှစ် အရွယ် ဦးသန်းဇော် ထိမှန် သေဆုံး ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွား ပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ လက္ကူးကျေးရွာ အတွင်း နယ်မြေ လုံခြုံရေးနှင့် နယ်မြေ ရှင်းလင်းရေးလုပ်ငန်း များ ဆက်လက် ဆောင် ရွက် လက်ရှိကြောင်း သိရသည်။

အဆိုပါ ၂ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနှင့်အတူ ပုလောစစ်ကြောင်း ၁ အပါအဝင် မဟာမိတ်တော်လှန် ရေးအဖွဲ့များက စစ်တပ်ကို စုပေါင်းခုခံတိုက်ခိုက်ခဲ့ ကြ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article