30 C
Yangon

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက်ထားရှိရေး အီတလီ ရောက် မြန်မာများက ဆန္ဒပြ တောင်းဆို

Must read

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက်ထားရှိရေး အီတလီ ရောက် မြန်မာများက ဆန္ဒပြ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက် လက်ထားရှိရေး အီတလီရောက် မြန်မာက ဆန္ဒပြ တောင်းဆိုကြသည်။

မတရား စစ်အာဏာသိမ်းမှုကို ပြည်သူများနှင့်အတူ မားမား မတ်မတ် ရပ်တည် ကာ အာဏာရှင်ကိုတွန်းလှန်နေသော ပြည်သူများနှင့် တစ်သားတည်း ရပ်တည် နေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်အတွက် ဆက်လက် ထားရှိပေးပါရန် အီတလီရောက် မြန်မာမိသားစုများက အီတလီနိုင်ငံ၊ မီလန်မြို့ Duomo ဘုရားကျောင်းအနီး Piazza dei Mercanti တွင် တောင်းဆို ဆန္ဒ ထုတ် ဖော်ကြသည်။

ပြည်သူများ၏ အသံသည်သာ သံအမတ်ကြီး၏အသံ၊ သံအမတ်ကြီး ဦးကျော် မိုးထွန်း ကိုသာလျှင် မြန်မာပြည်ကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဖြစ် ကြောင်း အီတလီရောက် မြန်မာများက ထောက်ခံ ဆန္ဒပြကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article