26 C
Yangon

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အရင်းနှီးဆုံး လူယုံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဒုဝန်ကြီး ညွန့်အောင် ဖမ်းဆီးခံရ

Must read

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အရင်းနှီးဆုံး လူယုံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဒုဝန်ကြီး ညွန့်အောင် ဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက်စစ်ကောင်စီက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဘက် အတွင်း ရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးတို့ကို ဖမ်းဆီး စစ်ဆေးနေရာတွင် နောက်ဆက်တွဲအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ညွန့်အောင်ကိုပါ ထပ်မံ ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

လွန်ခဲ့သော ရက်ပိုင်းကာလ စက်တင်ဘာလလယ်ပိုင်း စီပွားရေးနှင့် ကူန်းသန်း ရောင်း ဝယ်ရေး ဒုဝန်ကြိး ညွှန့်အောင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မိသားစု ဝင် များကိုလည်း စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ဦးညွန့်အောင် သည် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ စစ်ကောင်စီ က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီ ၏ ထိပ်ဆုံး တာဝန်ရှိသူများ အားလုံးကို ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

“စီးပွား/ကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှာ အတွင်းရေးမှူးဖြစ်သလို ဗဟို ကော်မတီ လက်အောက်မှာ ရှိတဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန် ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်တယ်။ သူက ကုန် သွယ် ရေးနဲ့ ပါမစ် တွေအားလုံးကို ချထားပေးတဲ့ လုပ်ငန်းအဖွဲ့တွေရဲ့ ဦး ဆောင် သူ။ သူ့ကို လည်း ဖမ်းဆီးသွားတာက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်ချုပ် ရန်နောင်စိုး တို့ ကိစ္စရဲ့ နောက်ဆက်တွဲလို့သိရပါတယ်။ သူ့မိသားစုဝင် တွေ လည်း ထိန်းသိမ်း ခံထားရတယ်လို့ ကြားပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးညွန့်အောင်သည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကုန်သွယ်ရေးဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကချင်ပြည်နယ် သို့ လာဘ်ငွေယူ၍ တရားမဝင် ကျောက်မျက်တူးဖော်ရေး ယန္တရားကြီးများ တင်သွင်း သုံးစွဲမှုကို ခွင့်ပြုခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ ရသူဖြစ် ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဦးညွန့်အောင်ကို စီးပွားကူးသန်း ဒုဝန်ကြီး အဖြစ် ခန့်အပ်ရန် မင်းအောင်လှိုင် ထံ တင်ပြခဲ့ရာမှ ဒုဝန်ကြီးအဖြစ် ရာထူးရရှိလာသူဖြစ်ကြောင်း၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အရင်းနှီးဆုံး သူ ငယ် ချင်းဖြစ်ပြီး လူယုံလည်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အေက်ရှိ သွင်း ကုန် ပါမစ် ထုတ်ပေးသည့် ဌာနမှ အရာရှိတချို့၊ အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်/သွင်းကုန် ဆိုင်ရာ အရာရှိတချို့လည်း စစ်ဆေးမေးမြန်းခံနေရကြောင်း ၊ ဒေါ်လာစျေးမြင့်တက်မှုကို လိုက်လံ စုံစမ်းစစ်ဆေးရင်း စစ်ဆေးမေးမြန်းခံရ သည့် ဝန်ကြီးဌာနဆိုင်ရာ အရာရှိအရေအတွက် ပိုမိုကျယ်ပြန့်လာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article