25 C
Yangon

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန် ကုမ္ပဏီက ရိုက်ကူးထားသည့် “အချိန် လွန်မိုး” ရုပ်ရှင်ကို ပြည်သူများ သပိတ်မှောက်ကြရန် နှိုးဆော်

Must read

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန် ကုမ္ပဏီက ရိုက်ကူးထားသည့် “အချိန် လွန်မိုး” ရုပ်ရှင်ကို ပြည်သူများ သပိတ်မှောက်ကြရန် နှိုးဆော်

■ စစ်ခေါင်းဆောင်သမီး က ဆုံမှတ်၊ SM Winner ရုပ်ရှင်ထုတ် လုပ်ရေး အမည်များ ပြောင်းလဲ၍ ရုပ်ရှင်များပြသနေ

ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက်မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ကုမ္ပဏီက ရိုက် ကူး ထားသည့် အချိန်လွန်မိုး ရုပ်ရှင်ကို ပြည်သူများ သပိတ်မှောက်ကြရန် တော်လှန် ရေးအင်အားစုများက တောင်းဆိုလိုက်ကြသည်။

မင်းအောင်လှိုင်၏ ခင်သီရိသက်မွန် ပိုင်ဆိုင်သည့် 7th Sense ထုတ်လုပ်ရေးက ရိုက်ကူးခဲ့သည့် အချိန်လွန်မိုး ရုပ်ရှင်ကို SM Winner ထုတ်လုပ်ရေးအမည် ပြောင်းလဲ၍ စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတင်ရုံတင်ပြသမည်ဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ သမ္မတရုပ်ရှင်ရုံတွင် မိတ်ဆက်ပွဲ ပြသနေ ကြောင်း သိရှိရသည်။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် မင်းအောင်လှိုင်၏ သမီး ခင်သီရိ သက်မွန် ပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်ပြီး ယခုအခါ SM Winner သို့ အမည် ပြောင်းလဲ၍ ရုပ်ရှင်ဇတ်ကားများ ပြသနေကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် 7Sense ကရိုက်ကူးထားသည့် “စတုတ္ထမြောက်သွေးကြောမျှင်” ဇာတ်ကားကို ဆုံမှတ် ဟု ထုတ်လုပ်ရေးနာမည်ပြောင်းကာ ရုံတင်ပြသခဲ့ကြောင်း၊ ဒုတိယမြောက် အနေဖြင့် အချိန်လွန်မိုး ဇာတ်ကားကိုလည်း SM Winner အမည်ဖြင့် ထုတ်လုပ်ရေးနာမည်ပြောင်းကာ ရုံတင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ခေါင်းဆောင် သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ 7th Sense ထုတ် လုပ်ရေးက ဒီဖျော်ဖြေရေးလုပ်ငန်းကို ဝင်ငွေတစ်ခုအနေနဲ့ သာမက ပြည်သူ များ ကို တော်လှန်ရေးမှ အာရုံပြောင်းအောင်လုပ်ဖို့ ရည်ရွယ်ထား ပါတယ်။ ဒါအပြင် ဒီပွဲကို လာကြည့်တဲ့ ပြည်သူများရဲ့ ဓာတ်ပုံသုံးပြီး တိုင်းပြည် ကို သူတို့ ငြိမ်းချမ်းနေပြီ သူတို့ထိန်းချုပ်ထားနိုင်ကြောင်းကို လိမ်ညာဝါဒဖြန့်ဖို့ စစ်ခွေးဘော်ဘီများက အသင့်စောင့်နေကြပါတယ် ။ သူတို့ Boycott လုပ်ခံရမှာ ကြောက်လို့ “ အချိန်လွန်မိုး “ ဇာတ်ကားကိုလည်း SM Winner အမည်ဖြင့် ထုတ် လုပ်ရေးနာမည်ပြောင်းကာ ပြည်သူကို လိမ်ဖို့ကြိုးစားခြင်း လည်းဖြစ် ပါတယ်” ဟု စမ်းချောင်းသပိတ်ပင်မစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ရုပ်ရှင်ရုံများတွင် ပြည်သူများ ပြန်လည်စည်ကားရေး၊ ပျော်ပွဲရွှင်ပွဲများဖြင့် စစ်အာဏာသိမ်းမှုအောက်တွင် နိုင်ငံ တည်ငြိမ်အေးချမ်း နေသည်ဆိုသော ပြရုပ်ကို ပြသရန် အမြဲတစေ ကြိုးစားလျက်ရှိရာ ရုပ်ရှင်လုပ် ငန်းသည်လည်း ၎င်းတို့ လိုချင်သည့် တည်ငြိမ်အေးချမ်းသည့် အခြေအနေကို ဖော်ဆောင်ရေး အသုံးချစရာ နယ်ပယ်တစ်ခုဖြစ်လာသည်ဟု တော်လှန်ရေး အင်အားစု များက ပြောသည်။

“ကျနော်တို့ ပြည်သူတွေကို အသိပေးချင်တာက အမှတ်သညာရှိကြပါ။ ကိုယ့် ပြည် သူ ကို သတ်ဖြတ်နေတဲ့ လူဆိုးခေါင်းဆောင် သမီးက ထုတ်လုပ်ပြသတဲ့ ရုပ်ရှင် ကို သွားမကြည့်ကြပါနဲ့။ သူတို့အတွက် ငွေလိုလို့ ရုပ်ရှင်ထုတ်လုပ် ရေးလုပ် နေတာမဟုတ်ဘူး။ တိုင်းပြည်ကို ရုပ်ရှင်ဆိုတဲ့ အနုပညာနဲ့ ဖမ်းစားပြီး သူတို့ လိုချင်တဲ့ ဇတ်ရုပ်၊ သူတို့လိုချင်တဲ့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံဖြစ်နေပြီ ဆိုတာကို လုပ်ချင်တာအဲဒါကို သတိရှိကြပါ။ ကျနော်တို့ရဲဘော်တွေ ထောင် ထဲမှာ၊ တချို့တွေ ပြန်မလာနိုင်ကြတော့ဘူး။ အသက်ပေးသွားကြပြီ။ စစ်ကိုင်းနဲ့ အညာက ပြည်သူတွေ စစ်ပြေးနေကြတုန်း၊ ဒီလိုအခြေအနေမှာ ရုပ်ရှင်ရုံသွား တာမျိုး မလုပ်စေချင်ပါဘူး။ ရုပ်ရှင်မကြည့်ရလို့ မနေနိုင်ဘူးဆိုရင်တောင် စစ်ခွေး သမီး ရိုက်တဲ့ ရုပ်ရှင်တော့ မကြည့်ကြပါနဲ့” ဟု တော်လှန်ရေး အင်အားစုအဖွဲ့ဝင် တစ်ခုဖြစ်သော ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်း​ခေါင်​ဆောင်၏ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်​သော 7 Sense ရုပ်ရှင်ထုတ်လုပ်​ရေးက ❝ စတုတ္ထမြောက်သွေးကြောမျှင် ❞ ရုပ်ရှင်ကို ဆုံမှတ်ထုတ်လုပ်​ရေးဟု အမည်​ပြောင်းခဲ့ပြီး ၊ ❝ အချိန်လွန်မိုး ❞ ကို SM Winner ထုတ်လုပ်​ရေးအမည်ဖြင့် အမည်​ပြောင်းထုတ်လုပ် ပြသလာခြင်းကို ပြည်သူများ သိရှိကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article