25 C
Yangon

kNU မူးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

Must read

kNU မူးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၁၉

KNU မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့မှ စ၍ စက်တင်ဘာလ ၁၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်၏ လေတပ် အပါအဝင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ အမြောက်တပ်နှင့် ကြည်းတပ်များက အင်အားအလုံးအရင်းဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်၊ လက်နက်ကြီးများဖြင့် ကျေးရွားများအတွင်း ပစ်ခတ်မှု ၄၅၁ ကြိမ်တို့ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် ဖျက်ဆီးမီးရှို့ပြီး ရွာအတွင်းမိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ၃ ဦးကို ဖမ်းဆီးသွားကြောင်း၊ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၁၃၈၇ ဦး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပြီး ဤလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း၊ စစ်ဘေးရှောင် ပြည်သူများကို လုံခြုံမှုနှင့်စားဝတ်နေရေး၊ ပညာရေး ၊ ကျန်းမာရေး စသည့် လိုအပ်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများအား တောင်းဆိုကြောင်းနှင့် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက စစ်တပ်၏ ပြည်သူကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်တန့်ပြီး၊ ပြန်လည်ရုပ်သိမ်းရန်အတွက် ထိရောက်သော အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တောင်းဆိုကြောင်း ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article