28 C
Yangon

မိုးကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်တွင် တစ်နေ့တည်း တိုက်ပွဲ ၇ နေရာဖြစ်ပြီး စစ်သား အများအပြား သေဆုံး၊ သေနတ် ၉ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရှိ

Must read

မိုးကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်တွင် တစ်နေ့တည်း တိုက်ပွဲ ၇ နေရာဖြစ်ပြီး စစ်သား အများအပြား သေဆုံး၊ သေနတ် ၉ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့ နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲ ၇ နေရာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားအများ အပြားသေဆုံးကာ သေ နတ် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန် ကြား ရေးဌာနထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ တစ်နေ့တည်းတွင်ပင် တအာင်းပြည်နယ် တပ်မဟာမဟာ ၁ စစ်ဒေသ၊ မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ရွာအနီးတွင် ၁ ကြိမ်၊ တပ်မဟာ ၅ စစ်ဒေသ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာ အနီးတွင် ၁ ကြိမ်၊ တပ်မ ဟာ၂ စစ်ဒေသ မိုးကုတ်မြို့နယ် အောက်ညောင်ကုန်းရွာအနီး ၂ ကြိမ် အောက် ညောင်ကုန်းနှင့် အထက်ညောင်ကုန်းရွာအကြား ၁ ကြိမ်၊ အထက်ညောင်ကုန်း နှင့် ကုန်းစံ အကြား ၁ ကြိမ်၊ ဖြူရောင်ရွာအနီး ၁ကြိမ် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် – TNLA တို့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယန့ စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခန့်အချိန် မိုးကုတ်မြို့နယ်၊ တအာင်း တပ်မတော်ရှိရာ အောက် ညောင်ကုန်းရွာအနီးသို့ အကြမ်းဖက် စစ်ကောင် စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ – ၁၀၂၊ ၁၀၄၊ လပခ/ခလရ – ၈၈ တို့က စစ်ကြောင်းထိုးလာခဲ့ရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယနေ့ နံနက် ၁၀ နာရီခန့်တွင်လည်း အထက်ညောင်ကုန်းရွာနှင့် ကုန်းစံရွာအကြားသို့ စစ် ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ လပခ/ ခလရ – ၈၈ နှင့် မွန်းလွဲ ၁ နာရီခန့်တွင်လည်းကောင်း TNLA နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ ကြောင်း သိရှိရသည်။

ထို့နောက် မွန်းလွဲ ၁ နာရီခန့်အချိန် အဖြူရောင်ရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကိုလည်း ကောင်း၊ ညနေ ၅ နာရီခန့်တွင် အောက် ညောင်ကုန်းရွာအနီးရှိ အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းနှင့် အထက်ညောင်ကုန်း နှင့် ကုန်းစံရွာအကြားရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို တအာင်းတပ် မတော် – TNLA က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရှိရသည်။

ထို့ပြင် တအာင်းပြည်နယ် တပ်မဟာ(၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်မှ ခိုမုန်းရွာအနီး ခြေကုက်ရယူနိုင်ရန် ပြည်သူ့စစ်အဖွဲ့နှင့် ပူးပေါင်းပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာခဲ့ရာ ခိုမုန်းကျေးရွာအနီးအရောက် TNLA တပ်က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ရွာအနီးရှိ အကြမ်းဖက် စစ် ကောင်စီတပ်စခန်းကို တအာင်းတပ်မ တော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄၇၈ နှင့် အထူး ကွန်မန်ဒို တပ်ဖွဲ့က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန် ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ တစ်နေ့တည်းအတွင်း တိုက်ပွဲ ၇ နေရာ ဖြစ်ခဲ့ရာတွင် အကြမ်းဖက် စစ် သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ၎င်းတို့ အသုံးပြုသော သေနတ် ၅ လက်၊ ပစ္စတို ၂ လက်၊ လက် ထောက် ၁ လက်၊ စက်လက် ၁ လက်၊ ၆၀ မမ ၅ လုံး၊ ဗုံးသီး ၆ လုံးအပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံး အဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန် ထားသည်။

ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လွယ်ကျယ် လော့တပ် စခန်း၊ ၁၀၅ မိုင်တပ်စခန်းနှင့် နမ့်ဖက်ကာ ၁၂၃ တပ်စခန်းများက တိုက်ပွဲ ဖြစ်ပွားရာနေရာနှင့် မန်ကန်ရွာ၊ နာထန်ရွာ၊ နမ့်ကတ်ရွာအနီးသို့ လက်နက်ကြီး ၁၁၂ ကြိမ် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့နေအိမ်များ ထိခိုက် ပျက်စီးမှုနှင့် ပြည် သူများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ ၄၀၀ ကျော်နှင့် မူဆယ်မြို့နယ်တွင် အိမ်ထောင်စု ၁၃၁ စုမှ လူဦးရေ (၃၄၀)ကျော် စစ်ဘေး ရှောင်နေကြရ ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ ယနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော်အကြား တိုက်ပွဲစုစုပေါင်း ၅၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLAက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article