28 C
Yangon

နွားထိုးကြီးတွင် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ဆားလင်းကြီးတွင် အရက်ထွက်ဝယ်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

နွားထိုးကြီးတွင် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ဆားလင်းကြီးတွင် အရက်ထွက်ဝယ်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ထံမှ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDFနှင့် အတူ Myaung Special Drone Force – MSDF မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် မိတ္ထီလာခရိုင် အမှတ် ၃ တပ်ရင်းတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အရက်ထွက်ဝယ်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ထံမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ ရွှေမုတောဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် အရက်ဝယ်ရန် ထွက်လာစဥ် ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ ၊ တပ်ခွဲ ၃ သမန်းကျား တပ်ခွဲက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article