37 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က ချင်းတွင်းမြစ်အတွင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ ရေယာဉ် စစ်သင်္ဘော နစ်မြုပ်မှုဖြစ်စဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီဝင် ညွှန်ကြားရေးမှူး ၁ ဦး၊ ရေတပ် သား ၅ ဦး၊ ပျူစောထီး မိသားစု ဝင်တွေ နဲ့ Non-CDM ဝန်ထမ်းတွေအပါအဝင် အယောက် ၁၀၀ ရာကျော် သေသွားပြီး ၊ ၂ ဦးသာ လွတ်မြောက်တယ်လို့ ကျောင်းသားတော်လှန် ရေး တပ်ဖွဲ့ (S.R.F)ရဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်

– အကြမ်းဖက်စစ်ကောင်စီက ကုမ္ပဏီ ၁၂၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့် လိုင်စင် ရုပ်သိမ်း လိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရတဲ့ ငွေလဲစင်တာ ၁၆၈ ခုအထိ ရှိလာပြီဖြစ်တဲ့အပြင် ၊ ဆီဒိုးနား ဟိုတယ် အပါအဝင် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ် ရေးလုပ်ငန်း အားလုံး နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

– အကြမ်းဖက်စစ်ကောင်စီရဲ့ ရေတပ်အတွက် ဆိုနာ-စနစ် ကို တရား မဝင် ရောင်းချခဲ့တဲ့ စင်ကာပူ-ကုမ္ပဏီကို စင်ကာပူနိုင်ငံ တရားရုံးကနေ စင်ကာပူဒေါ်လာ ၁ ဒဿမ ၁ သန်း ဒဏ်ငွေချ မှတ်ခဲ့တဲ့ အပြင် ၊ ကုမ္ပဏီ ဒါရိုက်တာ နဲ့ အရောင်း မြှင့်တင်ရေး ဝန်ထမ်းတွေ ကိုလည်း ဒဏ်ငွေတွေ အသီးသီး ချမှတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article