25 C
Yangon

သရက်ချောင်းတွင် ပျူစောထီး ခေါင်းဆောင်ကို နေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

သရက်ချောင်းတွင် ပျူစောထီး ခေါင်းဆောင်ကို နေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ကို နေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီး ခေါင်းဆောင်နှင့် မယားဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ် အခြေစိုက် သိန်းငှက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Falcon TYC PDF) တပ်ဖွဲ့မှ ရဲဘော်များက ကျောက်ဆည်ရွာရှိ လက်နက်ကိုင် ကျောက်ဆည်ပျူစောထီး ခေါင်းဆောင် တိုးဝင်း၏ နေအိမ်ကို ဝိုင်းထားစဥ် တိုးဝင်းက ၎င်း ကိုင်ဆောင်သည့် M22 သေနတ်ဖြင့်အချက် ၂၀ ခန့် ပြန်လည်ပစ်ခတ်စဥ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း ပျူစောထီး ခေါင်းဆောင် တိုးဝင်းသည် သေနတ်ကျည် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အိမ်နောက်ဖေးမှ ထွက်ပြေးသွားသူကိုလည်း တော်လှန်ရေး ရဲဘော်များက လိုက်လံပစ်ခတ်စဥ် တိုးဝင်း၏ မယားဖြစ်သူ ပပဝင်းလည်း ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် တိုးဝင်းထံမှ တရုတ်ထုတ် M 22 သေနတ် ၁ လက်နဲ့ ကျည်ဘောက် ၂ ခု ၇.၆၂ ကျည်ဆံ ၈၄ တောင့် ၊ ၃၆ ခွင်းဗုံး ၂ လုံး ၊ စကားပြောစက် ၁ လုံး၊ ဖုန်း ၃ လုံး၊ ဓားမြှောင်တစ်ချောင်း၊ စကေဘာဓားတစ်ချောင်၊ ပုဆိန်ငယ်တစ်ချောင်းနှင့်အတူ ကျည်ကာအင်္ကျီ ၁ ထည်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပျူစောထီး ခေါင်းဆောင် တိုးဝင်သည် ပဲဒက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် ၁ ဦးဖြစ်ပြီး ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့်အတူ ဓားပြတိုက်ခြင်း၊ လုယက်ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီး၍ ငွေကြေး တောင်းခံရယူနေခြင်း ဖြစ်ကြောင့် အကြိမ်ကြိမ် သတိပေး တားမြစ်နေသော်လည်း မလိုက်နာသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article