26 C
Yangon

ထားဝယ်မြို့၊ တပ်နယ်ဆေးရုံအနီးရှိ ဗိုလ်ကြီးအိမ်ရာကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ထားဝယ်မြို့၊ တပ်နယ်ဆေးရုံအနီးရှိ ဗိုလ်ကြီးအိမ်ရာကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အကြမ်းဖက် စစ်တပ်၏ တပ်နယ်ဆေးရုံအနီးရှိ ဗိုလ်ကြီးအိမ်ရာကို PDF တပ်ဖွဲ့က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ထားဝယ်မြို့၊ အမှတ် ၁၂ ကုတင် ၁၀၀ တပ်နယ်ဆေးရုံအနီးရှိ ဗိုလ်ကြီးအိမ်ရာကို တော်လှန်ရေး ရဲဘော်များက ၄၀ မမ ဗုံးသီး ၁၂ လုံးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုအတွင်း အိမ်ရာအတွင်းရှိ အကြမ်းဖက် စစ်တပ်မှ အရာရှိ တချို့ ထိခိုက် ဒဏ်ရာရရှိပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ DGRF က ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ထားဝယ်ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ DGRF တပ်ခွဲ ၂ နှင့် ဥသြ စစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article