Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီး ထောင်ချထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဆေးကုသခွင့်ပေးဖို့ နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မလေးရှား လွှတ်တော် အမတ် ၁၃၅ ဦးက လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် တယ်လို့ The Malaysian Reserve ကနေ စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းဖော်ပြထားပါတယ်။
– မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက ကမ္မမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရဲစခန်း နဲ့ ဝန်ကြီးဌာန ရုံးတွေကို PDF မဟာမိတ် တပ်ပေါင်းစုကနေ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က ၇ ဦး သေသွားတယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၃ ရဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
– ကချင်ပြည်နယ် တနိုင်းမြို့အဝင်က ကောင်ရာ- ဂိတ်မှာ အကြမ်းဖက် စစ်တပ်က ကားဝင်ဂိတ်ကြေး တွေကို ကျပ် ၅ သောင်းကနေ ၁၅ သိန်းအထိ မတရား အဆမတန် ကောက်ခံနေတဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။