26 C
Yangon

မြဝတီမြို့နယ်၊ ရွှေအေးမြိုင်ဘုရားကုန်းတွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး ဖြင့်တိုက်ခိုက်မှု ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦး ဒဏ်ရာရ

Must read

မြဝတီမြို့နယ်၊ ရွှေအေးမြိုင်ဘုရားကုန်းတွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး ဖြင့်တိုက်ခိုက်မှု ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေအေးမြိုင် ဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဒဏ်ရာရှိခဲ့ကြောင်း Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီခွဲခန့်က အကြမ်းဖက် စစ်သား များ တပ်စွဲထားရာ ရွှေမြိုင်အေးဘုရားကုန်းရှိ အကြမ်းဖက်စစ်သားများကို ပြောက်ကျား စစ်ဆင်ရေးအဖြစ် ၄၀ မမ လက် နက်ကြီးဖြင့် ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၅၅၉ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခြေအနေအရ ၂ လုံးပဲ ပစ်နိုင်ခဲ့ပါတယ်၊ စစ်ခွေးအင်အားကတော့ ကျောက်ခက်ကနေ ဝေါ်လေဘက် တလျှောက် နေရာတော်တော်များများမှာ တပ်ဖြန်ထားတာ၊ လက်ရှိဒဏ်ရာရတာကတော့ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်း ကျော် တစ်ယောက်ပဲ အတည်ပြုနိုင်ပါသေးတယ်။ ကျနော်တို့ရဲဘော် တွေအားလုံး ဘေးကင်း ပါတယ်” ဟု Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Cobra Column 2 VENOM စစ်ကြောင်းနှင့်အတူ KNLA 103 အဖွဲ့၊ KTLA ခေးပွေးဦးဆောင်အဖွဲ့များ ပူးပေါင်းကာ ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ၅၅၉ တပ်ရင်းကို တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article