26 C
Yangon

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးစခန်းကို ဒရုန်ုးလေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးစခန်းကို ဒရုန်ုးလေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်(ပျူ)ရွာစခန်းကို ဒရုန်း လေယာဉ် ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ ညောင် ဂျစ် ပင်(ပျူ)ရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို RC Plane မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးအကြီးနှင့်ဗုံး အသေး ၁၀ လုံးကျဲ ချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ နေထိုင်ရာ နေရာ နှင့်အဆောင်ဝင်းအတွင်းသို့ တည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု အတိ အကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ရင်း ၃ ၊ တပ်ခွဲ ၅ ၊ MRTF နှင့် Black Cobra အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိ အခိုက်မရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် ခံရပြီးနောက် ပခုက္ကူ တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့် အင်အား ထပ်ဖြည့်ထားကြောင်း သိရသည်။

ဓာတ်ပုံ- Eagle Brigade (Anyar Eagles) ၏ ဒရုန်းလေယာဉ်ငယ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article