25 C
Yangon

ယင်းမာပင်တွင် စစ်ရေးသတင်းများ လျှို့ဝှက်စုံစမ်း ထောက်လှမ်းနေသူ ရဲတပ်ကြပ်တစ်ဦးကို BNRA က ဖမ်းဆီးပြီး ယင်းမာပင် ပကဖ ထံအပ်နှံ

Must read

ယင်းမာပင်တွင် စစ်ရေးသတင်းများ လျှို့ဝှက်စုံစမ်း ထောက်လှမ်းနေသူ ရဲတပ်ကြပ်တစ်ဦးကို BNRA က ဖမ်းဆီးပြီး ယင်းမာပင် ပကဖ ထံအပ်နှံ

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်း ဖမ်းဆီးရမိထားသည့် အကြမ်းဖက် စစ် ကောင်စီ လက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးကို ယင်းမာပင်ခရိုင် ပြည်သူ့ ကာ ကွယ် ရေးတာဝန်ခံထံ သွားရောက်အပ်နှံခဲ့ကြောင်း ဗမာအမျိုးသား တော် လှန် ရေးတပ်မတော် (BNRA) က တရားဝင် သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ ရဲတပ်ကြပ် ခင်မောင်ထွန်းသည် စစ်ရေးသတင်းများ လျှို့ ဝှက် ထောက် လှမ်းနေသူဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် ယင်းမာပင် မြို့နယ် အမှတ်၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ဦးတပ်ကုန်းကြားရှိ စျေးဆိုင်တန်းများ အကြား လောင်းကစားဝိုင်းအတွင်း လက်ရဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ ရဲတပ်ကြပ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)၏ ဥက္ကဌဖြစ်သူ ဗိုလ်နဂါးက မေးမြန်းစစ်ဆေးပြီး အကြမ်းဖက် စစ်အုပ်စုမှ ဒုစရိုက်အားပေးပြုမူမှုများ၊ ပြည်သူတို့ကို သတ်ဖြတ်နှိပ်စက်မှုများကြောင့် နိုင်ငံနှင့်အဝန်း ပြည်သူတို့၏ အတိဒုက္ခရောက်ရပုံတို့ကို ရှင်းလင်းပြောပြခဲ့ ကြောင်း၊ ထို့နောက် စစ်သုံ့ပန်းဥပဒေများအရ ကောင်းမွန်စွာထိန်းသိမ်းခဲ့ပြီး ယင်းမာပင် ခရိုင် ပကဖ တာဝန်ရှိသူထံသို့ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲတပ်ကြပ် ခင်မောင်ထွန်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဒေသ တော်လှန် ရေး အဖွဲ့တစ်ခုနှင့် ပူးပေါင်း၍ လက်ရဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article