Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး နဲ့ ဒုဝန်ကြီး ညွန့်အောင်တို့ကို စစ်ဆေးနေပေမယ့် ဘယ်လို အရေးယူမ ယ်ဆိုတာကို မင်းအောင်လှိုင်က မဆုံးဖြတ်သေးဘူးလို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
– အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးတွေ နဲ့ အမေရိ ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ကုလသမဂ္ဂညီလာခံမှာ တွေ့ဆုံခဲ့ကြပြီး ၊ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြတ်မှုတွေကို တာဝန်ခံ အရေးယူနိုင်ဖို့ အမေရိကန်ကနေ ကြိုးပမ်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
– မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့အထိ နောက်ဆုံးရထားတဲ့ စာရင်း အရ ပြည်တွင်းမှာ နေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်း ကျော် ရှိလာပြီ ဖြစ်တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ UNOCHA ကနေ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
