ရေတာရှည်မြို့နယ်ရှိ ကွမ်းအုံကျေးရွာ ရာအိမ်မှူးမောင်လွင် ပစ်ခတ်ခံရ၊ ကွမ်းအုံရွာရှေ့ တာရိုး၌ PDF အင်အား ၁၀၀ ခန့်ရောက်ရှိနေ
ရန်ကုန်၊ စက်တင်ဘာ ၂၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာ ရာအိမ်မှူး မောင်လွင်ကို သွားရောက် သတိပေးပစ်ခတ် ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီး ကွမ်းအုံရွာရှေ့ တာရိုး၌ PDF အင်အား ၁၀၀ ခန့်ရောက်ရှိကာ အကြမ်းဖက်စစ် ကောင်စီတပ်ကို စိန်ခေါ်ထားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် ည ၈ နာရီခွဲခန့်က ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စု၊ ကွမ်း အုံကျေးရွာနေ ရာအိမ်မှူးမောင်လွင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးပစ်ခတ်ခဲ့ရာ ဒဏ်ရာ ရရှိခဲ့ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ခန့် အုပ်ချုပ်ရေးမှူးများအားလုံး အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးခဲ့ကြောင်း၊ ကွမ်းအုံရွာ အရှေ့ရှိ တာရိုးဘေးတလျှောက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စိန်ခေါ် ထားကြောင်း သိရသည်။
“ကွမ်းအုံကျေးရွာ ရာအိမ်မှူးမောင်လွင် ပစ်ခတ်ခံရပြီး ဒဏ်ရာရပါတယ်၊ သတိပေးပစ်ခတ်တာမို့ ဒဏ်ရာ ပဲရတာပါ၊ ရေတာရှည်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံးနှုတ်ထွက်ကြဖို့ သတိပေးထား တယ်၊ ရွာအရှေ့မှာရှိတဲ့ တာရိုးမှာလည်း PDF အင်အား ၁၀၀ လောက်နဲ့ စစ်တပ်ကို စိန်ခေါ်ထားတာ၊ အဖွဲ့နာမည်တွေတော့ မသိပါဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
