25 C
Yangon

မြောင်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြောင်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သာဒွန်းရွာသို့ ရောက်ရှိတပ်စွဲပြီး ကင်းပုန်းထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက် ၃ နာရီခန့်က မြောင်မြို့နယ်အတွင်းလှည့်လည်နေသော အကြမ်း ဖက်စစ်ကြောင်းသည် သာဒွန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ ညအိပ်ရပ်နားက ကျေးရွာ၏ အနောက် ဘက်သို့ ကင်းပုန်းဝပ်ရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းကွင်း အရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများမှ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ CDSOM ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ နှင့် ၆ မှ တပ်ခွဲ ၃ ၊ မြောင်ပြည်သူ့တပ်မတော် MUA၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ CRF၊ နဂါးပေါက်တိုက်နယ် နှင့် မြောင် မြို မ တိုက်နယ် ပကဖအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ ၊ BLACK HERO GUERRILLA FORCE. BHGF MGNအဖွဲ့၊ Ah Nyar Myay Special Commando Defense Force၊ ညောင်ဦးခရိုင်တပ်ရင်း ၁ နှင့် မန္တလး ခရိုင်တပ်ရင်း ၅ ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ယင်းအကြမ်းဖက်စစ်သားများမှာ မြစ်အရှေ့ဘက်ကမ်းသို့ ပြန်သွားကြပြီး နဂါးပေါက်ရွာ၊ သာဒွန်းတို့၌ ရှင်းလင်းသွားပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အာစု – KRF ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ တာရာဆိုင် အနောက်၊ ခြင်္သေ့ နှစ်ကောင်လမ်းဆုံနှင့် MK ဆီဆိုင်ရှေ့စသည့် နေရာများတွင် ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်သားများကို စစ်ရေးအဖြစ် သတ်မှတ်၍ နံနက် ၁၀ နာရီ ၁၂ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ နံနက် ၁၀ နာရီ ၄၉ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ နေ့လည် ၁၁ နာရီ ၂၄ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး စုစုပေါင်း ၃ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA၊ TPDF၊ သူရိယစစ် ကြောင်းနှင့် PPDF – KD အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KRF မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article