28 C
Yangon

အမှတ် ၁ စစ်ဒေသတွင် ဩဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၃၃၀ ဦးသေဆုံး၊ ဒရုန်း နှင့်လက်နက်များ သိမ်းဆည်းရရှိ

Must read

အမှတ် ၁ စစ်ဒေသတွင် ဩဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၃၃၀ ဦးသေဆုံး၊ ဒရုန်း နှင့်လက်နက်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသအတွင်း၌ ဩဂုတ်လ အ တွင်း တိုက်ပွဲပေါင်း ၄၃၀ ဖြစ်ပြီး အကြမ်းဖက်စစ်သား ၃၃၀ ဦးသေဆုံးကာ ဒရုန်း ၄ စီး၊ သေနတ် ၈ လက် အပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေအထိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲပေါင်း ၄၃၀ ဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး သေဆုံးပြီး ၄၅၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် အတွက် အသက်ပေးလှူခဲ့ရကာ ၅၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၅၆ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၁၁ ကြိမ်၊ ထိတွေ့တိုက်ပွဲဆင်နွှဲမှု ၆၅ ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု ၁၈၉ ကြိမ်ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ရှိကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ဒရုန်း ၄ စီး၊ မိုင်း ၁၃ လုံး၊ ဗုံး သီး အလုံး ၅၀ ၊ ကျည် ၁၀၅၄ တောင့်နှင့် လက်နက်မျိုးစုံ ၈ လက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုများကို အမှတ် ၁ စစ်ဒေသကွက်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပကဖ နှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article