25 C
Yangon

မော်လိုက်မြို့ရှိ စစ်တပ်၏ တပ်ရင်း ၃ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်သား မိသားစုဝင်များ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေရ

Must read

မော်လိုက်မြို့ရှိ စစ်တပ်၏ တပ်ရင်း ၃ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်သား မိသားစုဝင်များ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၃ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မော်လိုက်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ၃၆၄ ၊ ၃၆၅ နှင့် ၃၆၆ တပ်ရင်းတို့ကို ဒေသတော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စစ်သားမိသားစုဝင်များ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

” မော်လိုက်မြို့မှာရှိတဲ့ စစ်ခွေးတွေရဲ့ ၃၆၄ ၊ ၃၆၅ နဲ့ ၃၆၆ တပ်ရင်း တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ၆၀ မမ ၁၅ လုံး ပစ်ထည့်ခဲ့တယ်။ စစ်ခွေ ထိခိုက် သေဆုံး ရှိနိုင်တယ်။ လူနာတင်ကား ၂ စီးတပ်ထဲ မောင်းသွားတာတော့ တွေ့ရတယ်။ စစ်ခွေး မိသားစုတွေလည်း မြို့ထဲ ဝင်ပြေးလာကြတယ်။ မြို့ထဲနဲ့ စစ်ခွေးတပ်ရင်းနဲ့က ၁ မိုင်လောက်တော့ ဝေးတယ်။ မြို့ပေါ် စာသင်ကျောင်းတွေ အကုန်ပိတ်ထားတယ်” ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article