ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂၁
ပဲခူးတိုင်း၊ ပေါင်းတည်မြိုု့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း ပေါင်းတည် PDF မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်း၊ ပေါင်းတည် မြို့နယ်၊ပဲခူးရိုးမပေါ်သို့ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ စစ်ကြောင်းထိုး လာ သော အင်အား ၂၈ ဦးပါ စစ်တပ်စစ်ကြောင်းကို ပေါင်းတည်မြို့ နယ်ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့က ရိုးမ အစပ် လျှော်ဖြူချောင်းအနီး မိုင်းကွင်းထဲ အရောက် ပဒေသာမိုင်း ၈ လုံးဆွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်း ၆ လုံး ပေါက် ကွဲခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ ၂ ဦး၏ အလောင်းကို မြုပ်နှံ၍ ဒဏ်ရာရရှိသူများကို သယ်ဆောင်ကာ စစ်ကြောင်းက ပျားကြီးတောင်ဘက် သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။
စစ်ဆင်ရေးတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ လင်းယုန်အဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဘာသာရေးမှိုင်းတိုက်ခြင်း၊ သွေးခွဲခြင်းများရှိလာပါက ယုံကြည်မှုမရှိဘဲ စစ်တပ်ကို ဘုံရန်သူအဖြစ်မြင်ကာ စကစ၏ သတင်းများပေးပို့ခြင်း၊ ၎င်းတို့ရှိသောနေများကိုရှောင်ကွင်း သွားလာ နေထိုင်ခြင်း၊၎င်းတို့ ပြုလုပ်သောဟန်ပြပွဲတော်များကို ရှောင်ကျဉ်ခြင်း များဖြင့် ကူညီပေးကြပါရန်မေတ္တာရပ်ခံကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်က ပြု လုပ်သောဟန်ပြပွဲတော်များကိုသွားလာ၍ တစ်တရာထိခိုက်မှုများ ဖြစ် ပေါ် လာ ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ယူဖြေရှင်း သွား မည် မဟုတ်ကြောင်း ပေါင်းတည် PDF က သတိပေးထားသည်။
