30 C
Yangon

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လစ်သူရေးနီးယား နိုင်ငံခြား ရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

Must read

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လစ်သူရေးနီးယား နိုင်ငံခြား ရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၂

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သည် လစ်သူရေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နှင့် ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့ တွေ့ဆုံဆွေးနွေးကြောင်း NUG က သတင်း ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်အတွင်းစစ်တပ် အုပ်စိုးသည့် နိုင်ငံရေးစနစ်ကို ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင် ရေးသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ရေရှည်တည့်တန့် ခိုင်မြဲသည့် ဖွံ့ဖြိုးရေး အတွက်အရေးကြီးကြောင်း ၊ ကမ္ဘာတဝှမ်း ဒီမိုကရေစီ အကျပ် အတည်း ဆိုက်နေမှုနှင့်လည်း ချိတ်ဆက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရက်တစ် နိုင်ငံ ငယ်များ၏ အခန်းကဏ္ဍအရေးပါမှု နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ ဆွေးနွေးကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article