24.9 C
Yangon

ရန်ကုန်ရှိ မြို့နယ် ၄ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်

Must read

ရန်ကုန်ရှိ မြို့နယ် ၄ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းရှိ တောင်ဥက္ကလာ၊ သာကေတ၊ မြောက်ဒဂုံနှင့် မရမ်းကုန်းတို့တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသ ပြည်သူများထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၃၃ မိနစ်၌ တောင်ဥက္ကလာပမြို့နယ် အတွင်း တစ်နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မည်သည့်နေရာ၌ ဖြစ်ပွားသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယနေ့ ည ၇ နာရီ ဝန်းကျင်ခန့်တွင်လည်း မြောက်ဒဂုံမြို့နယ် နှင့် မရမ်းကုန်းမြို့နယ် တို့ ကျယ်လောင်သော ပေါက်ကွဲများ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး မည်သည့် နေရာ၌ ဖြစ်ပွားသည်ကို မသိရှိရသေး​ကြောင်း ဒေသပြည်များကပြောဆိုသည်။

အလားတူ သာကေတမြိုနယ် တစ်နေရာတွင်လည်း ယနေ့ ညပိုင်း၌ ကျယ်လောင်သော ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ်ခဲ့ပြီး မည်သည့် နေရာ၌ ဖြစ်ပွားသည်ကို အတည်မပြုနိုင်သေး​ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article