25 C
Yangon

ပေါင်မြို့နယ်တွင် စစ်ထောက်လှမ်းရေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သရက်ချောင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

Must read

ပေါင်မြို့နယ်တွင် စစ်ထောက်လှမ်းရေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သရက်ချောင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ထောက်လှမ်းရေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပေါင်မြို့နယ်၊ မုတ္တမ- သထုံခရိုင် ချင်းဆက်လမ်းပိုင်းရှိ အလယ်ရွာအနီးတွင် စစ်ထောက်လှမ်းရေး ဝင်းဇော် (ခေါ်) ဂျက်ကော့ကို တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်ရရှိပြီး နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်ခံရသူ ဝင်းဇော်သည် မုတ္တမ မှ အုန်းတပင်ကျေးရွာသို့ တစ်ဦးတည်း ကားမောင်း၍ ပြန်လာစဉ် တော်လှန်ရေးရဲဘော်များမှ အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝင်းဇော်သည် တော်လှန်ရေးရဲဘော်များ၏ တည်နေရာကို စုံစမ်းထောက်လှမ်းနေသည့်အပြင် ပြည်သူများကို နည်းအမျိုးမျိုးနှင့် ဒုက္ခပေးနေသူဖြစ်၍ တပ်မဟာ၁ ၊ တပ်ရင်း ၂ မှ KNLA /PDF UG ရဲဘော်များမှ ပစ်ခတ်ရခြင်းဖြစ်ကြောင်း တပင်ရွှေထီးစစ်ကြောင်းမှ တာဝန်ရှိသူမှ ပြောကြားသည်။

ထို့ပြင် သရက်ချောင်းမြို့နယ် ပဲဒက်ရွာစစ်ဆေးဂိတ်တွင်မူ ပျူစောထီးခေါင်းဆောင်ကို အကြမ်းဖက်စစ်တပ်မှ စက်တင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းတွင် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖမ်းဆီးရိုက်နှက်ခံရသူ ပျူစောထီးခေါင်းဆောင်မှာ အသက် ၅၀ အရွယ် ဉာဏ်လှ ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်မှု ရှိ မရှိ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ပဲဒက်ရွာ စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်သားများနှင့် ရွာခံ ပျူစောထီးများ ပူးပေါင်း၍ တပ်စွဲထားရာမှာ ဂိတ်တွင် ထိုင်နေကြသူ အချင်းချင်း ထ၍ ဖမ်းဆီးကြခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ပျူစောထီးမှာ ထိပ်ထုံးတွင် ချုပ်ခံထားရပြီး ပျူစောထီးအချင်းချင်း ဝေစုမတည့်၍ ချောက်တွန်းခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖမ်းဆီးခံရသူ ပျူစောထီးမှာ ၈၈ အရေးအခင်းတွင်း ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သလို အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း လက်နက်ကိုင် ပျူစောထီး ဝင်လုပ်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article