ပူတာအိုဒေသကို စစ်ကူလာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုဒေသကို စစ်ကူလာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပူတာအိုဒေသကို စစ်ကူလာသည့် စစ်ကား ၂ စီးကို KIA တပ်ဖွဲ့က မြစ်ကြီးနား-ပူတာအို လမ်းပိုင်းရှိ မြစ်ကြီးနားနှင့် ဆွမ်ဘရာဘွမ်မြို့ အကြားတွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ ကား ၁ စီး မီးလောင် ပျက်စီးပြီး ကျန်ကား ၁ စီးထံမှ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ ပူတာအိုဒေသကို စစ်ကူလာတဲ့ အကြမ်းဖက် စစ်ခွေး ကား ၂ စီးကို KIA တပ်ဖွဲ့က မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေက ကား ၂ စီးနဲ့ လူ ၆၀ လောက်ရှိတယ်။ စစ်ခွေးတွေက ကား ၁ စီးကို ထားခဲ့ပြီး ခွေးပြေးဝက်ပြေးဘဝကို ပြေးတာ ကား ၁ စီးက မီးလောင်သွားတယ်။ မလောင်တဲ့ ကားဆီက ပစ္စည်းတွေက အကုန်သိမ်းယူလိုက်ကြပြီ” ဟု တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
