မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကာ စစ် တပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိကြောင်း TNLA က သတင်း ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ တစ်ရက်တည်း မူဆယ်မြို့နယ် ဆိုင်ခေါင် ရွာအနီး၊ ဟိုပေါ်ရွာအနီးနှင့် ကွတ်ခိုင်မြို့နယ် ကောင်မှုရာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ မူဆယ်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ဆိုင်ခေါင်ရွာအနီးသို့လည်းကောင်း၊ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဟိုပေါ်ရွာအနီးသို့လည်းကောင် နေရာခြေကုတ်ရယူနိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တပ်မ – ၉၉ လက်အောက်ခံ ခြေမြန် တပ်ရင်း – ၄၁၉၊ လုံထန်ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကို တအာင်း တပ်မ တော် က ခုခံတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် တအာင်းတပ်မတော်ရှိရာ ကောင်မူရာအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်များ ထိုးစစ်ဆင်လာသဖြင့် တအာင်းတပ်မတော် – TNLAနှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဒရုန်းဖြင့် ၄ ကြိမ်ကျဲချခဲ့ကြောင်း၊ ထို့အပြင် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်နှင့် ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် လားရှိုးမှ Mi – 35 လေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် လွယ်ကီလောက်တပ်စခန်းနှင့် နမ့်ဖက်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နာထန်ရွာ၊ မန်ကန်ရွာ၊ ခိုမုန်းရွာ၊ ဟိုပေါ်ရွာအနီးသို့ လက်နက်ကြီးဖြင့် အကြိမ်(၅၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ တစ်ရက်တည်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ ၃ နေရာအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး ၎င်းတို့ထံမှ သေနတ် ၃ လက်၊ လက်ထောက်( လက်၊ ၆၀ မမ (၆)လုံး၊ ဗုံးသီးအပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။