25 C
Yangon

ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲများ ထိခိုက် သေဆုံးမှုရှိနိုင်

Must read

ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲများ ထိခိုက် သေဆုံးမှုရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၃

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Chauk Guerilla Force(CGF) ခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက် မွန်းတည့် ၁၂ နာရီ ၃၈ မိနစ်ခ်န့က ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်း အတွင်းသို့ လျက်တပြက် မြို့ပြစစ်ဆင်ရေး အဖြစ် မြို့မရဲစခန်းရှေ့တည့်တည့်မှနေ၍ စခန်းဝန်းအတွင်း ထဲသို့ လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ရာ ဘန်ကာထဲသို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၊ ဗုံးပေါက်ကွဲပြီးနောက် သေနတ်ဖြင့် ၃ ချက်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စခန်းဝင်းအတွင်းထဲမှာရှိတဲ့ ကင်းဂိတ်စခန်းထဲမှာက ရဲခွေးတွေ ကင်းယူတယ်၊ ဘန်ကာ ၃ ခုအတွင်းက စစ်ခွေးတွေ ကင်းယူတယ်လို့ သိထားပါတယ်၊ ကျနော်တို့ ပစ်လိုက်တဲ့ ဗုံးက ဘန်ကာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ခွေးတွေ ထိခိုက်သေဆုံးနိုင်ပါတယ်၊ အတည်မပြုနိုင်သေးဘူး၊ ဗုံးကွဲပြီးတော့ သေနတ်နဲ့ ၃ ချက်ပြန်ပစ်တယ်၊ ရဲဘော်တွေအားလုံး ဘေးကင်းခဲ့ပါတယ်” ဟု Chauk Guerilla Force (CGF) ခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Chauk Guerilla Force (CGF) ၊ Chauk People Defense Force (ချောက် ပကဖ)၊ Mying People Defence Force(မြိုင်ပကဖ)၊ မကွေးခရိုင် အမှတ် ၂ ပြည်သူ့ကာကွယ်ရေး တပ် မတော် တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ချောက်မြို့မရဲစခန်းအတွင်းရှိ ရဲများသည် ပြည်သူလူထုမှပေးသည့် လစာကိုစားကာ ပြည်သူလူထုကို ကာကွယ်ရမည့်အစား အကြမ်းဖက်စစ်မိစ္ဆာအလိုကျ ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဒုက္ခပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ပြုသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေး ပိုက်ဆံတောင်း ကာပြန်လွှတ်ခြင်း၊ ပြည်သူလူထုကို သတ်ဖြတ်ပြီး မတရားသည့်အမိန့်များ ထုတ်ပြန်ကာ ပြည်သူကို ခြိမ်းခြောက်နှိပ်စက်နေခြင်းတို့ကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး အလျဉ်းသင့် သလို ရှောင်တခင်ဝင်ရောက် ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ပြီး ချောက်မြို့မရဲစခန်းအတွင်းရှိ ရဲများ၊ မိသားစုဝင်များအနေဖြင့် ပြည်သူလူထုဘက်သို့ ပူးပေါင်းအလင်းဝင်ကြရန် Chauk Guerilla Force (CGF) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article