25 C
Yangon

ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွား၊ ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွား၊ ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ ခမောက်ငယ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ခမောက်ငယ်ကျေးရွာကို ကော့သောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ဥယျာဥ်ခြံ လုပ်ကိုင်နေသည့် အသက် ၆၀ ကျော်အရွယ် ဦးခင်မြင့် လက်နက်ကြီးကျည်ဆ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခမောက်ငယ်ရွာ အနီးရှိ ရာဘာခြံ၌ အလုပ်လုပ်ကိုင်နေသော ဒေသ ပြည်သူ ၃၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ အဆက်အသွယ် မရသေး​ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာနှင့် နောင်တလာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article