25 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ စက်တင်ဘာလ ၂၂ ရက်နေ့တစ်ရက်တည်းမှာပဲ အကြမ်းဖက် စစ်တပ် နဲ့ TNLA တပ်အကြား တိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ပြီး ၊ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသွားတဲအပြင် ၊ သူတို့ဆီက လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားခဲ့တယ်လို့ TNLA ကနေ တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။

– ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ မှာရှိတဲ့ ထီးတန်း- ဦးပိုင်ဆီကန်ရဲ့ ဂိတ် ၃ အပေါက်ဝ က အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) အရောင်းဆိုင် နဲ့ အင်း၀ဘဏ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ KMD- 18 အမဲလိုက်သမား အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် နဲ့ တန့်ဆည်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ဝင်ရောက် လာတဲ့အတွက် ကျေးရွာ ၁၂ ရွာကျော်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article