25 C
Yangon

ခင်ဦးမြို့ပေါ်ရှိ စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ခင်ဦးမြို့ပေါ်ရှိ စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့​ကြောင်း Northern Tigers Group (NTG) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ခင်ဦးမြို့နယ် လမ်းဆုံရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ပျူစောထီး မင်းသိုက်၏ နေအိမ်နှင့်၊ ဆေးရုံထိပ်ရှိ ဘန်ကာ၌ ကင်းထိုင်နေသော အကြမ်းဖက် စစ်သားများပေါ်သို့ စုစုပေါင်း ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (NTG) နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်သော TTA people defense force (Shwe Bo)၊ Black Eagle local PDF (Khin U) ၊ PDAF (Shar Htoo Waw နည်းပညာ Team – 3)၊ ခင်ဦးမြို့နယ် တိုက်နယ်(၁) တို့မှ Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့လေယာဉ် များကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article