25 C
Yangon

ရန်ကုန်တွင် ယခုည လှုပ်ခတ်သော ငလျင်ကြောင့် သင်္ဃန်းကျွန်းတွင် အထပ် မြင့် တိုက်တစ်ခု တိမ်းစောင်းသွား

Must read

ရန်ကုန်တွင် ယခုည လှုပ်ခတ်သော ငလျင်ကြောင့် သင်္ဃန်းကျွန်းတွင် အထပ် မြင့် တိုက်တစ်ခု တိမ်းစောင်းသွား

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်တွင် ယခုည ၈ နာရီ ၅၅ မိနစ်တွင် လှုပ်ခတ်သော အင်အား ၅ ဒသမ ၁ ပြင်းအားရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်း၊ စံပြ ၃ လမ်းရှိ အထပ်မြင့် တိုက်တစ်ခု တိမ်းစောင်းသွားကြောင်း ယင်းလမ်းအတွင်း နေထိုင်သူတချို့ထံမှ သိရှိရသည်။

“စံပြ ၃ လမ်းထဲက ၆ ထပ်တိုက် နှစ်ခုက ပုံမှန် ကြားထဲမှာ ဟနေတာ။ ငလျင်လှုပ်ပြီးတော့ အပေါ်ပိုင်း အလွှာ နှစ်ထပ်က ထိသွားပြီးတော့ တိုက်က စောင်းသွားတယ်။ ၆ထပ်တိုက်ကြီး ၂ခုက ၆လွှာနဲ့ ၅လွှာလောက်မှာ ထိသွားတာ။ ရာအိမ်မှူးကိုတော့ အကြောင်းကြားတယ်။ လာကြည့်သွားတယ်။ ပထမတော့ အဲဒီတိုက်မှာနေတဲ့သူတွေလည်း ပြေးဆင်းပြီး ကြည့်ကြတယ်။ အခုတော့ ပြန်တက်သွားကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ညပိုင်း ရန်ကုန်တွင် ငလျင်များ လှုပ်ခတ်လျက်ရှိရာ ယနေ့ညနေ ၅ နာရီ ၃၃ မိနစ် ဝန်းကျင်အချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၏ အနောက်ဘက် ၂၁ မိုင် အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၇ ငလျင် ၊ ယနေ့ည ၈ နာရီ ၅၄ မိနစ်အချိန် ပဲခူးမြို့၏ အနောက်တောင်ဘက် ၁၂ မိုင် ခန့် အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article