25 C
Yangon

သိမ်ဇရပ်မြို့ အထွက်၌ ကင်းယူနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

သိမ်ဇရပ်မြို့ အထွက်၌ ကင်းယူနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အထွက်၌ ကာကင်းယူနေသော အကြမ်းဖက် စစ်သားများ ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်က ကျိုက်ထိုမြိုနယ်၊ သိမ်ဇရပ်မြို့အထွက် အကွက် ၅ သုဿန်မီးခိုးခေါင်းတိုင်အနီး၌ ကာကင်းယူနေသော ခမရ ၂၀၇ မှ အင်အား အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီးအောင်သိန်း ဆီး ခုံထိမှန်ဒဏ်ရာရကာသေဆုံးသွားကြောင်း သိရသည်။

ထို့သို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ၅ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ နွားတစ်ကောင်ထိမှန်သေဆုံးခဲ့ပြီး ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် သေဆုံးသွားသော တပ်ကြပ်ကြပ်ကြီး အလောင်းကို အဖြူရောင်ကားတစ်စီးဖြင့် ခမရ ၂၀၇ တပ်အတွင်းသို့ သယ်ဆောင်သွားကြောင်း သိရ သည်။

ထို့ပြင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၁၅ ဦးခန့်ဖြင့် ဘီးလင်းမြို့နယ်၊ အလူးလေး ကျေးရွာ၊ တာယာဆိုင်အနောက်၊ ခြင်္သေ့နှစ်ကောင်လမ်းဆုံနှင့် MK ဆီဆိုင်ရှေ့တို့တွင် ကင်းပုန်းဝပ်နေ သော အကြမ်းဖက်စစ်သားများကို တပ်မဟာ ၁ KNLA ၊ KRF ၊ TPDF ၊ သူရိယစစ်ကြောင်း နှင့် PPDF – KD အဖွဲ့တို့ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article