25 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ စစ်တပ်က ကျေးရွာများကို လှည့်လည် စီးနင်းနေ၍ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရကာ ပြည်သူ ၁ ဦး အသတ်ခံရ

Must read

ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ စစ်တပ်က ကျေးရွာများကို လှည့်လည် စီးနင်းနေ၍ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရကာ ပြည်သူ ၁ ဦး အသတ်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးနေပြီး အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်း စစ်တပ်စစ်ကြောင်းက ခင်ဦးမြို့နယ်၊ သံဘို၊ ချောင်းဆုံ အနောက်ဘက် ထန်းတောအကြား ရောက်ရှိလာကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ခရိုင်တပ်ရင်း ၃ နှင့် ဒေသခံကာကွယ်ရေး အဖွဲ့ များက အဆိုပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁ သေဆုံးခဲ့ကြောင်း၊ ၂ ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နိုင်သည့် လမ်းများ ကို ခင်ဦးမြို့ နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဒေသပြည်သူများနှင့် ပူးပေါင်း၍ စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းတွင် မိုင်းကွင်းများ ပြုလုပ်ခဲ့ကြောင်း၊ စက်တင် ဘာ ၂၃ ရက်နေ့တွင် ခင်ဦးမှ ထွက်လာသည့် စစ်ကြောင်းသည် OMC မူးဘောင်အရှေ့ဘက် လယ်တောအကြားတွင် အသင့်ထောင်ထားသည့် မိုင်းကွင်းထဲ ရောက်လာကြောင်း၊ ထို့ကြောင့် ပဒေသာမိုင်း ၁၀ လုံးတိတိကို ဖောက်ခွဲနိုင်ပြီး စစ်သား ၂ ဦးသေကာ ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းကွင်းဖော်ဆောင်ရာတွင်မူ မိုင်းမတော်တဆမှုဖြစ်ပွားပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်း မဒေါင်းလှ ပျူစောထီးရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း၊ ညကင်းထွက်ချိန်တွင် ငကျိုင်း ကျေးရွာမှာ အလှည့်ကျ လယ်ရေယူသွင်းနေသည့် အသက် ၃၀ အရွယ် တောင်သူ အမျိုးသား တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည် သူများထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင်မူ အကြမ်းဖက်စစ်တပ်မှ အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထပ်မံစစ်ကြောင်း ထိုးနေသည့်အတွက် ဒေသပြည်သူ ၆၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ရွှေဘို၊ ညောင်ပင်သာ ၊ မြင်းစီးဘက်မှ လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ် ကြာပင်အိုင် သဲကုန်းမှ တစ်ဆင့် ကျွန်းလည် ဘက်သို့ စစ်ကြောင်းဆက်ထိုးနေခြင်းဖြစ်ပြီး ကြာပင်အိုင်၊ သဲကုန်း၊ ညောင်ပင် ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာလေး၊ မှန်တော၊ အောင်သာ၊ အင်းပေါက်၊ ဒါန်းကုန်း စသ ည့် ကျေးရွာများမှ ဒေသပြည်သူများ စစ်ဘေးရှောင် ပြေးနေရ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဓာတ်ပုံ- အသက်ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်း ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article