29 C
Yangon

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် The WAY Musical Film ရုပ်ရှင် ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေး

Must read

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် The WAY Musical Film ရုပ်ရှင် ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေး

ရန်ကုန်၊ စက်တင်ဘာ ၂၄

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် The WAY Musical Film ရုပ်ရှင် ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် အားပေးပြီး ထောင်နှင့်ချီသော ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲရုပ်ရှင် ပြပွဲတွင် ဇာတ်ကားဖန်တီးသော ဒါရိုက်တာ လင်းလင်း နှင့် သရုပ်ဆောင် ချစ်သုဝေတို့ လက်မှတ်ရေးထိုးထားသော USB Stick များ နှင့် အိတ်များကို လေလံဆွဲခဲ့ကြရာမှ မြန်မာ‌ငွေကျပ် သိန်း ၂၆၀ ကျော် နှင့် ပွဲအတွင်း သီးသန့် အလှူငွေ သိန်း ၁၃၀ ခန့် ရရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် ပြသမည့် ပွဲစဉ်များ၏ ပွဲဦးထွက်အဖြစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် တိုကျိုမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲတွင် လက်မှတ် အစောင်ရေ ၁၄၀၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း၊ ပရိသတ်များ ရုံအပြည့် လာရောက်ခဲ့ကာ ပြပွဲတွင် ရုပ်ရှင် အမှတ်တရ အကျီနှင့်အိတ်များအပြင် မချစ်သုဝေ၏ ဆန်းသစ်ထူးခြားသော အိုင်ဒီယာအတိုင်း တီထွင်ဖန်တီးထားသည့် ကက်ဆက်တိတ်ခွေ ပုံစံ USB Stick များကိုပါ ရောင်းချခဲ့ပါသည်။

ထို့ပြင် ရုပ်ရှင်ဇာတ်ကားထဲမှ ပါးခြစ်လေးများအတိုင်း ဆေးခြယ်ခြင်း၊ The WAY Frame ဖြင့် ချက်ချင်းရိုက် ချက်ချင်းထုတ်ယူ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း ၊ ယန်း ၅၀၀ ကံစမ်းမဲနှိုက်ခြင်း စသည့် အစီအစဉ်များကိုပါ ထည့်သွင်းပြုလုပ်ခဲ့ကြောင်း၊ ရုပ်ရှင်ပွဲမှ ရရှိလာသော ငွေကြေးအမြတ်များ အားလုံးကို “The WAY” အဖွဲ့အစည်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းမှတဆင့် ‌မြေပြင်ရှိ လိုအပ်နေသော နေရာများသို့ ရောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။

ဆက်လက်၍ ဂျပန်နိုင်ငံ၏ အခြားမြို့ကြီး ခုနှစ်မြို့ဖြစ်သည့် ခန်းဆိုင်ဒေသ (အိုဆာကာ/ကျိုတို/ကိုဘေး) ၊ ရှိဇုအိုက ၊ ကျူးရှူး နာကစု ၊ ကျူးရှူး ဆာဂ ၊ အိုခီနာဝါ နှင့်ဟိုကိုင်းဒိုးတို့တွင် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အပတ်စဉ်အလိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article