မတူပီမြို့နယ်တွင် စစ်သား ၂ ဦးက ကျည်ဆံများနှင့် လက်ပစ်ဗုံး ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ စက်တင်ဘာ ၂၄
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦး ကျည်ဆံများနှင့် လက်ပစ်ဗုံး ယူဆောင်လာပြီး အလင်းဝင်လာကြောင်း CDF Matupi Battalion- 2 က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးသည် CDF Matupi Battalion – 2 ထံ လက်ပစ်ဗုံး ၂ လုံး နှင့် MA ကျည်ဆံ အထောင့် ၁၂၂ လုံး ယူဆောင်လာကာ အလင်း ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။