25 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်က ပြည်သူ့စစ်များ တိုးချဲ့ ဖွဲ့စည်းရန် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံနေ

Must read

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်က ပြည်သူ့စစ်များ တိုးချဲ့ ဖွဲ့စည်းရန် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံနေ

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က ပြည်သူ့ စစ်ဖွဲ့စည်းရန် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက် ရွေးချယ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ကာ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ လူငယ်များ၊ လူလတ်ပိုင်းများကို မဲနှိုက်ခိုင်းပြီး တစ်ရွာလျှင် လူ ၅ ဦးနှုန်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

” ကွမ်းခြံကုန်းမြို့နယ်က ရွာတွေကို ပြည်သူ့စစ် ဖွဲ့ဖို့ဆိုပြီး စစ်တပ် လက် အောက်ခံ အုပ်ကြီးတွေကနေ တဆင့် ရွာထဲက လူငယ် လူလတ်ပိုင်းတွေကို မဲနှိုက်ခိုင်းပြီး တစ်ရွာကို ၅ ဦးနှုန်းနဲ့ ရွေးချယ်ထားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ မဲနှိုက် ရွေးချယ်မှုကို ကျေးရွာ ၃ ရွာ၌ စတင်ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများတွင်လည်း အလားတူ ရွေးချယ်မှုများ ပြုလုပ်ရန် ရှိနေကြောင်း သိရှိရသည်။

အလားတူ ကွမ်းခြံကုန်းမြို့နယ်၊ ကြခတ်ကုန်းကြီးကျေးရွာတွင်မူ ပျူစော ထီး(သို့မဟုတ်) ပြည်သူ့စစ် ဖွဲ့စည်းရန် လူလတ်ပိုင်း ၂၀ မှ ၄၀ ဦးအထိ စာရင်း တောင်းယူနေကြောင်း သိရှိရသည်။

“အခုလက်ရှိကျမတို့ ရွာဘက်မှာ စစ်တပ်က လူလတ်ပိုင်းအသက် ၂၀ ဦးကနေ ၄၀ ဦး အထိကို တစ်ရွာကို ပေးဖို့ တောင်းနေတယ်။ ကြခတ်ကုန်းကြီးကျေးရွာရဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှုး ဦးသန်းထိုက် က ရွာမှယောကျာ်းလေးတွေကို မဲနှိုက်ပြီး စာရင်းယူပါတယ်။ ခု ပေါက်တဲ့လူတွေရဲ့ မှတ်ပုံတင်တွေ အိမ်ထောင် စုစာရင်းတွေတောင်းထားပါတယ် ရွာမှတပါးသို့လည်း သွားခွင့်မပေးပါဘူး။ မဲကျတဲ့ထဲက ချမ်းသာတဲ့ လူတန်းစားတွေလည်းပါပါတယ်။ ချမ်းသာတဲ့ သူတွေ ကတော့ ပျူစောထီး မလုပ်ချင်ရင် ငွေ ၃သိန်း၊ ၄ သိန်းအထိတောင်းပါတယ်။ ပျူစောထီးရွှေ အကြီး(ခ)တင်မောင်စန်းတို့က အပေါင်းအပါတွေနဲ့အတူ ငွေလိုက် တောင်းတယ်။ စစ်ထဲမဝင်ချင်တဲ့သူတွေက။ တချို့လူဆင်းရဲ တွေ ကတော့ ခက်ခဲနေတဲ့ကာလမှာ သူတို့တောင်းတဲ့ပိုက်ဆံမပေးနိုင်ပါဘူး ခုမဲကျ တဲ့လူတွေက စစ်တပ်က ခေါ်တဲ့အချိန်သွားရမှာ ဖြစ်ပြီး ရွာလူကြီးပြောတာက သင်တန်းပဲတက်ရမယ်ဆိုပြီး ပြောပါတယ်။ ရွာမှာလည်း အကြောင်းမရှိ အကြောင်း ရှာပြီး ရွာလူကြီးနှင့် ပျူးစောထီးတို့ပေါင်းပြီး ငွေကြေးတွေ ကောက် ခံနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထောက်ကြံ့၊ မှော်ဘီ၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံတို့တွင်လည်း ပြည်သူ့စစ်(ခ) ပျူစောထီးများ တိုးချဲ့ ဖွဲ့စည်းရန် စစ်ကောင်စီက ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လူစာရင်းများ တောင်းခံနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article