30 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ဝ နာရီ ၃၀ မိနစ်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီးများဖြင့် စစ်တောင်းမြစ် အနောက် ဘက်ကမ်း တောင်ခင်ကျေးရွာ ရွှေဘိုစုရပ်ကွက် အတွင်းကို ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာ ရွှေဘိုစု ရပ်ကွက်အတွင်းကို ထပ်မံပစ်ခတ်ခဲ့ပြီး အသက် ၉ နှစ်အရွယ် မောင်ဟန်ထက်အောင် နှင့် အသက် ၂၆ နှစ်အရွယ် တင်ကိုလတ်တို့ လက်နက်ကြီးထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉ တပ်ရင်းက စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် တခေါပွာကျေးရွာ အတွင်းကို လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ အသက် ၃၆ နှစ်အရွယ် စောမူတူး လက်နက်ကြီး ကျည်စထိမှန်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၀ တပ်ရင်းက စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင် ထီးလိုတိုကျေးရွာအတွင်းကို လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article