အမေရိကန်၊ မယ်ရီလန်းပြည်နယ်တွင် ပြသသည့် The WAY Musical Film ရုပ်ရှင်ပွဲမှ တော်လှန်ရေးအတွက် အလှူငွေ ကန်ဒေါ်လာ ၁၉၀၇၁ရရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၆
အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြသခဲ့သည့် The WAY Musical Film ရုပ်ရှင်ပွဲမှ နွေဦးတော်လှန်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁၉၀၇၁ ရရှိခဲ့ကြောင်း အဆိုပါပွဲစီစဉ်သူများထံမှ သိရသည်။
အဆိုပါပွဲရုပ်ရှင်ပြပွဲတွင် ဒါရိုက်တာ လင်းလင်း၊ သရုပ်ဆောင် ချစ်သုဝေ၊ သရုပ်ဆောင် Russell၊ သရုပ်ဆောင်မြတ်နိုးအေးတို့ လက်မှတ်ရေးထိုးထားသော အကျီ၊ အိတ်၊ ရုပ်ရှင်ရိုက်ကူးရာတွင် ဝတ်ဆင်ခဲ့သည့် အဝတ်အစား၊ ဖိနပ်နှင့် သီချင်းလက်ရေးမူအပါအဝင် USB Stick တို့ကို လေလံဆွဲခဲ့ကြရာမှ အမေရိကန်ဒေါ်လာ ၅၂၅၀ ရရှိကြောင်း ၎င်းတို့ထံမှ သိရသည်။
The WAY Musical Film ရုပ်ရှင်ပွဲအတွက် လက်မှတ်ရောင်းချရငွေ၊ အလှူငွေ ၊ လေလံဆွဲခြင်း၊ Merchandise စသည့်ပစည်းများအားလုံးပေါင်းရောင်းချရငွေ အလှူငွေ စုစုပေါင်း ဒေါ်လာ ၁၉၀၇၁ ရရှိခဲ့ကြောင်း အဆိုပါပွဲထံမှ သိရပါသည်။
အဆိုပါအလှူငွေဖြင့် နွေဦးတော်လှန်ရေးအတွင်း စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူများကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။
အဆိုပါရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စုရှိ အခြားပြည်နယ်များတွင်လည်း ဆက်လက်ပြသသွားမည်ဖြစ်သည်။
ဂီတ၊ အသံ၊ သရုပ်ဆောင်ခြင်းအနုပညာများနှင့်အတူ ပေါင်းစပ်ထွက်ပေါ်လာသည့်အဆိုပါရုပ်ရှင်သည် ကမ္ဘာ့နိုင်ငံအချို့ ၏ ရုပ်ရှင်ပွဲတော်များတွင် ဆုများ ရရှိခဲ့ပြီး မိုဘိုင်းလ် ၂လုံးတည်းနှင့်သာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်