30 C
Yangon

ရေးမြို့နယ်၊ ခမရ ၅၈၇ တပ်ရင်း ကင်းစခန်းနှင့် ခမရ ၅၈၈ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရေးမြို့နယ်၊ ခမရ ၅၈၇ တပ်ရင်း ကင်းစခန်းနှင့် ခမရ ၅၈၈ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်အခြေစိုက် ခမရ ၅၈၇ တပ်ရင်းရှေ့ ကင်းတဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေ ဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း၊ စစ်ဒေသခွဲ ၃ ၊ ဒုစစ်ဒေသ ခွဲမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရေးမြို့နယ် ၊ အာယုတောင် အခြေ စိုက် ခမရ ၅၈၇ တပ်ရင်းရှေ့ ကင်းတဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ တပ် စိပ်မှူးတစ်ဦးသေဆုံးပြီး ၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနှင့် ကြိုး တံတား အကြားရှိ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ခမရ ၅၈၈ စစ်ကြောင်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ သေးသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေး အတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များမှ လုံခြုံ ရေး ရယူစစ်ဆေး ဆောင် ရွက်ခြင်းကို နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း၊ ခရီးသွားပြည်သူများ၊ မော်တော် ယာဉ် မောင်းများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် အသုံး ပြုသောမော်တော်ယာဉ်များကို စစ်ဆေးခြင်းကိုလည်း ကြည်ဖြူစွာ လက်ခံ ခြင်းဖြင့် ပူးပေါင်းပေးကြပါရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပတ် သက် သည့် လူ၊ ပစ္စည်းများ တင်ဆောင်ခြင်း မပြုလုပ်ကြရန် တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံး J.O.C က ထုတ်ပြန်မေတ္တာရပ်ခံ ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article