25 C
Yangon

သာယာဝတီခရိုင်ရှိ ပဲခူးရိုးမအတွင်း တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ပြည်သူများ သွားလာခြင်း မပြုလုပ်ရန် PDF တပ်ဖွဲ့က သတိပေး ထုတ်ပြန်

Must read

သာယာဝတီခရိုင်ရှိ ပဲခူးရိုးမအတွင်း တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ပြည်သူများ သွားလာခြင်း မပြုလုပ်ရန် PDF တပ်ဖွဲ့က သတိပေး ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှိ ပဲခူးရိုးမအတွင်း တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ပြည်သူများ သွားလာခြင်း မပြုလုပ်ရန် PDF တပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ စစ်ဆင်ရေး နယ်မြေ ဖြစ်သော ပဲခူးရိုးမအတွင်းကို ပြည်သူများအနေဖြင့် လုံး၀ သွားလာကြခြင်း မပြုလုပ်ရန် ထုတ်ပြန်ထားသည်။

ပဲခူးရိုးမအတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖော်ဆောင်ရာတွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် မော်တော်ယာဥ်များ အနီးတွင် ပြည်သူများ သွားလာ နေထိုင်ကြခြင်းတို့ကြောင့် ပြည်သူများ မထိခိုက်စေရန် စစ်ဆင်ရေးတချို့ကို ရပ်ဆိုင်းခဲ့ရခြင်းကြောင့် ပဲခူးရိုးမအတွင်း ပြည်သူများ သွားလာခြင်း မပြုလုပ်ရန် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက ပဲခူးရိုးမအတွင်း သွားလာနေတဲ့ ပြည်သူတွေကို ဖမ်းခေါ်လာတာကြောင့် ဖျက်သိမ်းရတာ မစ်ရှင် ၅ ခုထက်မနည်းတော့ဘူး။ အခု တိုက်ပွဲကကြမ်းနေပြီ ဆက်တိုက်ဖြစ်နေတာ တိုက်ပွဲက အဲတာကြောင့် ပြည်သူတွေကို သွားလာခြင်း မလုပ်ဖို့ ထုတ်ပြန်ရတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ စစ်ဆင်ရေး နယ်မြေတွင် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်​ကောက်မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article