25 C
Yangon

တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေပြီး ပြည်သူ ၃၀ ကျော် ထက်မနည်းကို ပစ်ခတ် ဖမ်းဆီး၊ ရွှေတလားကျေးရွာမှ ဦးပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့

Must read

တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေပြီး ပြည်သူ ၃၀ ကျော် ထက်မနည်းကို ပစ်ခတ် ဖမ်းဆီး၊ ရွှေတလားကျေးရွာမှ ဦးပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး တပ်များက တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က မြို့ကို အင်အားသုံး ပိတ်ဆို့ကာ အရပ်သားပြည်သူ ၃၀ဦးထက်မနည်းကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ရွှေတကျေးရွာမှ အဘိုးအိုတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

အင်အား၂၈၀ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၄ရက်နေ့မှစ၍ တန့်ဆည်မြို့ပေါ်တွင် ၃နေရာခွဲ၍ တပ်စွဲထားပြီး တွေ့သမျှ ပြည်သူများကို နှစ်ရက်ဆက်တိုက် လိုက်လံပစ်ခတ်ဖမ်းဆီးနေသဖြင့် မြို့ခံ ပြည်သူများ ပုန်းရှောင်နေကြရကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောဆိုသည်။

“၂၂ ရက်နေ့က PDFတွေ တက်သိမ်းတဲ့ ရွှေဒေါင်းမင်းဆီဆိုင်နဲ့ တခြား နေရာ တွေမှာ ပြန်တပ်စွဲထားတယ်။ ပြီးတော့ တစ်မြို့လုံး လှည့်ပြီး သေန တ်တွေ လျှောက်ပစ်နေတာ။ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူကြီးတွေ ၁၁ ယောက် ကိုလည်း ဖမ်းသွားတယ်။ လမ်းပေါ်တွေ့တဲ့သူကို ဖမ်းတော့ ကြောက် ပြီး ဘယ်သူ မှ အိမ်ပြင် မထွက်ရဲဘူးဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တန့်ဆည်မြို့သို့ ဝင်ရောက် တပ်မစွဲမီ စက်တင်ဘာလ ၂၃ရက်က တန့်ဆည်မြို့အနီးရှိ ရွှေတကျေးရွာသို့ ဝင်ရောက် ပစ်ခတ်သဖြင့် ဦးပြားဆိုသူ အသက် ၆၈နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ ပြီး အသက် ၄၈နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် တန့်ဆည်မြို့နယ်၊ သဲကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၂၂ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ၂နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၎င်း၏ မိခင်ဖြစ်သူ၊ သဲကုန်းရွာခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးနေသော စစ်တပ်ကို စက်တင်ဘာလ ၂၄ ရက်နေ့ တန်ဆည်မြို့နယ်၊ ရွှေတကျေးရွာမှ လမ်းဆုံတွင် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ် သားများ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article