ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
ရန်ကုန်၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၌ ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့အတွင်း ရွှေဘိုမြို့နယ်မှ နေရပ် မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ဒီပဲယင်းမြို့ပေါ်နှင့် မြို့အနီးကျေးရွာများမှ စစ်ဘေးရှောင်များ၊ စိုင်ပြင်မြို့မှ စစ်ဘေးရှောင်များ ပြည်သူများကို ဒီပဲယင်းမြို့နယ်ညီနောင်များ ပဖွဲ့က ဒုတိယအကြိမ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်

