25 C
Yangon

ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်လှနှင့် ညောင်ဇီးကုန်းရွာကို စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်လှနှင့် ညောင်ဇီးကုန်းရွာကို စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာနှင့် ညောင်ဇီးကုန်းရွာတို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက် နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်အချိန် အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ် ၂ စီးသည် ညောင်လှ ကျေး ရွာနှင့် ညောင်ဇီးကုန်း ကျေးရွာ အနီးတဝိုက်ကို ပျံဝဲကာ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း ၊ ဗုံးကျဲခြင်း တို့ လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်စစ်တပ်က လာရောက် ဗုံးကျဲချိန်သည် ကလေးငယ်များ စာသင်ကြားနေသည့်အချိန်ဖြစ်ပြီး မိဘများက ကလေးငယ်များကို အိမ်ပြန်ခေါ်ဆောင်ကာ ပုန်းခိုနေကြရကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘူးဗျ၊ စစ်ကြောင်းကလည်း မဲအိုးရောက်နေတာ၊ ဗုံးလည်း ကျဲ တယ်၊ စစ်သေနတ်နဲ့ရော ပစ်တယ်ဗျ၊ ရွာပေါ်ဝဲပြီးပစ်နေတာ ၃ ကြိမ် လောက်ရှိပြီ၊ အခုလည်းပစ်နေတုန်းပဲ၊ လေယာဉ်ကလည်း ဝဲနေတုန်းပဲ၊ စာသင် ကျောင်းက ကလေးတွေကိုတော့ မိဘတွေက အိမ်ပြန်ခေါ် ထားကြတယ်၊ ပြည်သူ တွေကတော့ အမိုးအကာရှိတဲ့အောက်မှာ သစ်ပင်အောက်မှာ ကုတင် အောက် မှာတို့ ဝပ်နေကြရတယ်၊ ထိခိုက်ပျက်စီးမှုကတော့ မသိရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

အခြားဒေသပြည်သူတစ်ဦးကမူ “ရေဦးတောင်ဘက် ညောင်လှရွာကို ရဟတ် ယာဉ် နဲ့ ပစ်နေပါတယ်။ အခုပစ်နေတာပါ။ သက်သက်လာပစ်တာပါ။ မနေ့က စစ်ကြောင်းက ဆယ်ကြီးရွာကို ဝင်တယ်။ စစ်ကြောင်း ပြန်အထွက်မှာ PDF တိုက်မှာကြောက်လို့ ရဟတ်ယာဉ် ခေါ်ပြီး ပစ်ခိုင်းထားတာ” ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article