25 C
Yangon

ဝေါမြို့နယ်ရှိ လက်ပံရွာမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ဝေါမြို့နယ်ရှိ လက်ပံရွာမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ လက်ပံရွာမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်ခန့်တွင် ဝေါမြို့နယ်၊ လက်ပံကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦး ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ထံမှ G-3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ၊ ၇.၆၂ ကျည် ၆၂ တောင့် နှင့် လက်ပစ်ဗုံး. ၁ လုံး တို့ သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နံနက် ၁၀ နာရီခန့်တွင်ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သိမ်ဇရပ် အမတ ၃၁၀ မှ ၈၁ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ဝေါမြို့နယ်၊ ပေါက်တန်းရွာရှိ ကျွန်းရွှေဝါ သောင်အတွင်းသို့ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူများ ထိခိုက်မှုမရှိဘဲ စပါးခင်းများ ပျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က လက်ပံကျေးရွာကို မြစ်ကျိးစံပြကျေးရွာ မှ တဆင့် ဆိုင်ကယ် ၃ စီး ၊ အိမ်စီးကား ၂ စီး ၊ Faw ကားကြီး ၁ စီး တို့ဖြင့် ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article