27 C
Yangon

မင်းလှမြို့နယ်၊ လက်ပံတံခါးရွာရှိ နယ်မြေရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

Must read

မင်းလှမြို့နယ်၊ လက်ပံတံခါးရွာရှိ နယ်မြေရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာရှိ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း PRA Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်အစောပိုင်း ၁ နာရီ ၂၇ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ်၊ လက်ပံတခါးကျေးရွာရှိ နယ်မြေရဲစခန်းကို ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး များ၊ စက်လက်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေသဖြင့် ၄၅ မိနစ်ခန်ကြာသည်အထိ စခန်းသိမ်းနိုင် ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲစခန်းမှာက အင်အားက ၃၀ ဝန်းကျင်လောက်ပဲရှိပါတယ်၊ ဘန်ကာကလည်း လေးငါးခြောက်ခု ခုနှစ်ခုလောက်ရှိပါတယ်၊ အဲဒါတွေကို ပစ်အားနှိမ်ဖို့ ကျနော်တို့ဘက်က လက်နက်ကြီး အားနည်းချက် ဖြစ်သွားတာပေါ့၊” ဟု PRA Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA Magway) ၊ အထက်မင်းလှ ပကဖ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ( မကွေး ပကဖ ) ၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လူထုတော်လှန်ရေး မဟာမိတ်တပ်ဖွဲများအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း လွတ်မြောက်ရေးတို့ အတွက် စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက်၍ စစ်ရေးအရှိန်မြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article