25 C
Yangon

မူဆယ်မြို့နယ်ရှိ TNLA ၏ လွယ်မောက်တပ်စခန်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်

Must read

မူဆယ်မြို့နယ်ရှိ TNLA ၏ လွယ်မောက်တပ်စခန်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ TNLA ၏ လွယ်မောက်တပ်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်နှင့် ည ၁၀ နာရီ ၂၃ မိနစ်တို့တွင် မူဆယ်မြို့နယ် မန်ကန်ရွာနှင့် နမ့်ငူးရွာ အနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ည ၁၀ နာရီ ၃၀ မိနစ်တွင် တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် မူဆယ်မြို့နယ်ရှိ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA ၏ တပ်မဟာ ၁ တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်းကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးဖြင့် ထပ်မံ လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံးဖြင့် လာရောက် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်စခန်းရှိ အဆောက်အဦးတချို့ ထိခိုက် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ မူဆယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ စက်တင်ဘာလ ၂၃ ရက်နေ့က စတင်ကာ လက်ရှိချိန်ထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article